Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းခံထားရသည့် မြန်မာရေလုပ်သား ၉၀ ကျော် ပြန်လွှတ်ပေးရန် သဘောတူ
DVB
·
August 27, 2016
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၉၂ ဦး ပြန်လွှတ်ပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် ရရှိထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ အဖမ်းခံထားကြရတာဖြစ်ပြီး သူတို့ဟာ လှေငယ်တွေနဲ့ ငါးဖမ်းသူတွေ ဖြစ်တယ်၊ ခေတ်မီ ရေကြောင်းပြကိရိယာတွေ မပါရှိမှုကြောင့် တဖက်နိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိသွားသူတွေ ဖြစ်ကြတယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။ မြန်မာရေလုပ်သားများဟာ  ကော့ခ်ဘဇားဒေသ တရားရေးဌာနမှာ တရားမ၀င် ၀င်ရောက်မှုနဲ့ အမှုစွဲဆိုခံရတဲ့အတွက် အမှုတွဲအား တရားရုံးမှာ ပြန်လည် ရုပ်သိမ်းနေရသောကြောင့် အချိန်အနည်းငယ်ကြန့်ကြာနေခြင်းဖြစ်ပြီး မကြာခင် ပြန်လည်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ အလားတူ မလေးရှားနိုင်ငံတွင်း ရာနဲ့ချီပြီ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024