မြန်မာယူ ၁၉ က ထိုင်းအသင်းကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရ

KBZ BANK U19 CUP 2016 တတိယ‌နေ့ပွဲစဉ်‌တစ်‌ပွဲဖြစ်‌တဲ့ မြန်‌မာ ယူ၁၉ အသင်းနဲ့ ထိုင်းယူ ၁၉ အသင်းတို့ ယှဉ်‌ပြိုင်‌ကစားတာမှာ မြန်‌မာအသင်းက ပွဲကစားချိန်‌ ၅၂ မိနစ်‌မှာ ဆ‌အောင်‌‌ပြေကို သွင်းယူခဲ့တဲ့ဂိုးနဲ့ အနိုင်‌ရခဲ့ပါတယ်‌။ ဒီပွဲအနိုင်‌ရခဲ့တာ‌ကြောင့်‌ မြန်‌မာအသင်းအ‌နေနဲ့ ၃ ပွဲကစား ၄ မှတ်‌ရရှိပြီး‌တော့ အဆင်‌ ၃ ‌နေရာမှာ ရပ်‌တည်‌ခဲ့ပါတယ်‌။ ဒါ့‌ကြောင့်‌ မြန်‌မာ ယူ၁၉ အသင်းအ‌နေနဲ့ သြဂုတ် ၂၈ ရက်‌‌နေ့မှာ ထိုင်းယူ ၁၉ အသင်းနဲ့ပဲ တတိယ‌နေရလုပွဲ ယှဉ်‌ပြိုင်‌ကစားရမှာပဲဖြစ်‌ပါတယ်‌။ ဗီယက်‌နမ်‌ ယူ ၁၉ အသင်းနဲ့ ဂျပန်‌ယူ ၁၈ ကလပ်‌က‌တော့ ဗိုလ်‌လုပွဲယှဉ်‌ပြိုင်‌ရမှာပဲဖြစ်‌ပါတယ်‌။ ပွဲအပြီးမှာ မြန်‌မာယူ ၁၉ အသင်း နည်းပြချုပ်‌ ဦးမျိုးလှိုင်‌၀င်းက‌ သူတို့အသင်းဟာ တစ်‌ပွဲနဲ့တစ်‌ပွဲ နားလည်‌မှု‌တွေ ရလာပြီး‌တော့ အချိတ်‌အဆက်‌မိလာပြီး တိုးတက်‌လာတယ်‌လို့ ဆိုပါတယ်‌။ မြန်‌မာယူ ၁၉ အသင်းရဲ့ တတိယ‌နေရာလုပွဲစဉ်‌ကိုလည်း လာ‌ရောက်‌ကြည့်‌ရှုဖို့အတွက်‌ နည်းပြချုပ်‌နဲ့ အသင်းသား‌တွေက‌ မျှော်‌လင့်‌‌နေပါတယ်‌။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up