Home
မြန်မာသတင်း
ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်ကို အောက်မေ့ပွဲ ကျင်းပ
နော်နိုရင်း
·
October 16, 2011
စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က မန္တလေးအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရစဉ် ကွယ်လွန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်ကို ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်ပါတယ်။ [caption id="attachment_16566" align="alignright" width="310" caption="သက်​၀င်း​​အောင်"][/caption] ရန်ကုန်တိုင်း တာမွေမြို့နယ် တာမွေလေးရပ်ကွက်မှာရှိတဲ့ ကောဝိဒရာမ ဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးဝင်းထိန်တို့ အပါအ၀င် ပရိသတ် ၃၀၀ နီးပါး တက်ရောက်ပါတယ်။ ဒီအခမ်းအနားကို ကိုသက်ဝင်းအောင်ရဲ့ မိသားစု၊ ကိုသက်ဝင်းအောင်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ အခြေခံပညာကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတွေလည်း တက်ရောက်ပါတယ်။ ကိုသက်ဝင်းအောင်ဟာ ကျောင်းသားထုအတွက် စံနမူနာကောင်း ဖြစ်တယ်ဆိုတာကို သိသာထင်ရှားစေလိုတဲ့အတွက် ဒီအခမ်းအနားကို ကျင်းပတာပါလို့ ဦးဆောင်ကျင်းပသူ တဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်က ပြောပြပါတယ်။ “ကိုသက်ဝင်းအောင်ဟာ အဖြူ၊ အစိမ်းဝတ် ကျောင်းသားဘ၀တည်းက ဒီမိုကရေစီရေးတိုက်ပွဲမှာ လူထုအတွက် ပေးဆပ်ခဲ့တယ်။ နောက်ဆုံး ၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၆ ရက် မန္တလေးထောင်မှာ ကျဆုံးသွားတဲ့အချိန်ထိ သူ့ယုံကြည်ချက်တွေကို မမှိတ်မသုန် စွဲကိုင်ပြီးတော့ လူထုအတွက် ပေးဆပ် တိုက်ပွဲဝင်သွားတယ်။ “ဒါဟာ ဒီနေ့ ကျောင်းသားထုအတွက် စံနမူနာကောင်းဖြစ်တယ်။ ကျောင်းသားထုက ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းမှာ ပြည်သူတွေဘက်က အစဉ်အမြဲ မားမားမတ်မတ် ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ ပြည်သူ့ဘက်က အစဉ်အမြဲ ကာကွယ်တိုက်ခိုက်ပြီး သူတို့ရဲ့ ဘ၀တွေကို ပေးဆပ်ခဲ့တယ်ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်တွေပါတယ်။” ကိုသက်ဝင်းအောင်ဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၁ ခုနှစ်ထိ ထောင်ဒဏ် တကြိမ်ကျခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ် စက်တင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နောက် ထောင်ဒဏ် ၆၁ နှစ် ချမှတ်ခံရပါတယ်။ မန္တလေးထောင်မှာ အကျဉ်းကျနေစဉ် ကိုသက်ဝင်းအောင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024