Home
မြန်မာသတင်း
တောင်ငူမြို့ နေအိမ်တလုံးတွင် စိတ်ကြွဆေးများနှင့်လက်နက် ဖမ်းမိ
DVB
·
August 26, 2016
တောင်ငူမြို့ ၂၂ ရပ်ကွက် ပေါက်လှကြီးလမ်းရှိ နေအိမ်တလုံးကို ဒီကနေ့မနက်အစောပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့က မယ(ပ)၄/၂၀၁၆ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံ ကိုဦးရဲ့ နှစ်နေအိမ်ကို ဝင်ရောက်ရှာဖွေရာက အခုလိုဖမ်းဆီးရမိတာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ နေအိမ်အတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၀၀၀ထောင်ကျော်နဲ့အတူ လေသေနတ်တလက်၊ ငွေရိုးတပ်ဓားရှည် ၁ ချောင်း၊ ငွေ ၈၈၄၅၀ ကျပ်၊ NISSANအမျိုးအစား အဖြူရောင်ဗင်ကား ၁ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ လက်ကိုင်တယ်လီဖုန်း ၃ လုံးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ နေအိမ်အတွင်းမှာတော့ ကိုဦးအပါအဝင် စုစုပေါင်းလူ ၄ ဦးရှိနေပြီး သူတို့ကို တောင်ငူမြို့မရဲစခန်းက မူး/စိတ်ပြောင်းဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024