သပိတ်ကျင်းမြို့အနီး အင်အားရစ်ခ်ျစတာစကေး ၄.၀ အဆင့်ရှိ ငလျင်လှုပ်
DVB
·
August 26, 2016
မြန်မာနိုင်ငံ မန္တလေးတိုင်း သပိတ်ကျင်းမြို့နားမှာ အင်အားရစ်ခ်ျစတာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မနေ့ညက လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၇ မိနစ်လောက်မှာ မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် (၅၈) မိုင်ခန့် ကွာဝေးတဲ့ သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ဆိုပါတယ်။
ထိုင်းနိုင်ငံ မြေငလျင်တိုင်းထွာရေးဌာနကတော့ မနေ့ညက စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ အရှေ့တောင်ဘက် (၉) မိုင်ခန့်ကွာဝေးတဲ့နေရာကို ဗဟိုပြု ငလျင်လှုပ်ခတ်သွားတာဖြစ်ပြီး အင်အား ရစ်ခ်ျစတာစကေး ၄.၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။