Home
မြန်မာသတင်း
ကမ္ဘာ့အလှမယ်ပြိုင်ပွဲများအတွက် မြန်မာအလှမယ် ၆ ဦး ရွေးချယ်
DVB
·
August 26, 2016
Miss Golden Land Myanmar 2016 အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲ ကို ရန်ကုန်မြို့  မြန်မာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ် ၂၅ ရက် ညက ကျင်းပပြီး ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး ၆ ပွဲအတွက်  အလှမယ် ၆ ဦးကို ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ခံရတဲ့ အလှမယ်တွေကတော့  Miss Earth Myanmar 2016 ဆုကို ကရင်ပြည်နယ်ကိုယ်စားပြု အလှမယ် နန်းခိုင်ရွှေဝါ၀င်း၊ Miss Supranational Myanmar 2016 ဆုကို နေပြည်တော် ကိုယ်စားပြု အလှမယ် ရွှေစင်ထက်၊ Miss Intercontinental Myanmar 2016 ဆုကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအလှမယ် နီနီနိုင်ဝင်းကရရှိပါတယ်။ Face of Beauty Myanmar 2016 ဆုကို တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအလှမယ် ခြူးသိမ့်မြတ်နိုး၊Miss Tourism Myanmar 2016 ဆုကို ရှမ်းပြည်တောင်ပိုင်း ကိုယ်စားပြုအလှမယ် ခက်ခက်ဇာ၊ Miss Globe Myanmar 2016 ဆုကို ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြုအလှမယ် မြတ်အိနြေ္ဒထက်ကရရှိသွားပါတယ်။ First Runner Up ဆုကိုတော့  ကယားပြည်နယ်ကိုယ်စားပြု အလှမယ် ပိုးဝသုန်ကျော်နဲ့ Second Runner Up ဆုကို ချင်းပြည်နယ်ကိုယ်စားပြု အလှမယ် အိမ့်ပြည့်ကျော်တို့က အသီးသီး ရရှိခဲ့ပါတယ်။ MYANMAR'S PEOPLE AWARD ဆုကိုတော့ Miss Earth Myanmar 2016 ရရှိတဲ့ ကရင်ပြည်နယ် ကိုယ်စားပြု အလှမယ် နန်းခိုင်ရွှေဝါ၀င်းက ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ၆ ဦး ရွေးချယ်တဲ့ မြန်မာနိုင်ငံရဲ့ Miss Golden Land Myanmar 2016 ရွေးချယ်ပွဲကြီးကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၅ ရက်နေ့အထိ ကျင်းပလာခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024