Home
မြန်မာသတင်း
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်အကြံပေး ကော်မရှင်ကို ကြံ့ခိုင်ရေးပါတီ စောင့်ကြည့်နေ
DVB
·
August 26, 2016
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စကို အမျိုးသားရေးအသိ၊ လုံခြုံရေးသတိနဲ့ စောင့်ကြည့်နေတယ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေးကိစ္စတခုဖြစ်ပြီး အစိုးရအဆက်ဆက်ကလည်း ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေဆဲကိစ္စ ဖြစ်တယ်၊ ကော်မရှင်ဖွဲ့စည်းရာမှာ နိုင်ငံတကာပုဂ္ဂိုလ်တွေ ပါဝင်လာတာဟာ ပြည်တွင်းရေးကို နိုင်ငံတကာကိစ္စအဖြစ် ဦးတည်နေသလို ဖြစ်နေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ သြဂုတ် ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ လုပ်ငန်းတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုကိုသာ ဦးစားပေးထားပြီး အမျိုးသားရေးနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေကို လျစ်လျူရှုသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့်  ရေရှည်နည်းလမ်းတွေကို ရရှိရေးအတွက် အကြံပေးဖို့ နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ခေါင်းဆောင်တဲ့ ၉ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီကော်မရှင်ကို လုံးဝ အယုံအကြည်မရှိတဲ့အကြောင်းနဲ့ ဖျက်သိမ်းပေးဖို့  ရခိုင်အမျိုးသားပါတီကလည်း တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024