ကညွတ်ကွင်းတွင် လမ်းဘေးသစ်ပင်ကို ကားဝင်တိုက်၊ ၄ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက အိမ်စီးကားတစီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်မိပြီး တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးသွားပါတယ်။ ရန်ကုန် - မန္တလေးလမ်းဟောင်း တောင်ဘက်ဂုံးတဲကျေးရွာအနီး မိုင်တိုင်အမှတ် ၁၂၉ / ၇ နှင့် ၁၃၀ အကြားမှာ ယာဉ်မောင်း ဝင်းလွင်ဦး မောင်းနှင်လာတဲ့ ကယ်လ်ဒီးနား အမျိုးအစား အနက်ရောင်ကားက လမ်းဘေးထိုးကြပြီး လမ်းဘေး သစ်ပင်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လူ ၆ ဦး လိုက်ပါလာပြီး ၄ ဦး သေဆုံးကြောင်း၊ သေဆုံးသူတွေကတော့ ကလးကလေး ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကိုတော့ ကညွတ်ကွင်းဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ “ကားက အရမ်းအရှိန်ပြင်းတယ်၊ လေယာဉ်ပျံလား ထင်ရတယ်။ တခါမှ ဒီလောက် မြန်တာမမြင်ခဲ့ရဘူး။ ဝီဆိုတဲ့အသံကြီးထွက်ပြီး လမ်းဘေးကိုဆွဲချသွားတာ” လို့ မျက်မြင်တဦးက ပြောပါတယ်။ ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up