အမေရိကန်တွင် လေဆင်နှာမောင်းများ တိုက်ခတ် (ရုပ်သံ)

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်အလယ်ပိုင်းမှာ လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့လို့ အိမ်တွေ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးတယ်လို့ အမျိုးသား မိုးလေဝသဌာနက သြဂုတ် ၂၄ ရက်နေ့က ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးရွားရွား ဒဏ်ရာရမှု အစီရင်ခံတာ မရှိပါဘူး။ အင်ဒီယာနာပိုလစ် မြို့နားမှာ ကြီးမားပြီး အလွန်အမင်း အန္တရာယ်ကြီးတဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အင်ဒီးယားနား ပြည်နယ်စစ်တပ်က မုန်တိုင်းအပြီး နေစရာနဲ့ စားနပ်ရိက္ခာလိုနေတဲ့ လူအယောက် ၂၀၀ ကို ကူညီပေးနေတယ်လို့ အစီရင်ခံပါတယ်။ အင်ဒီယာနာပိုလစ် ပြည်သူ့ပညာရေး အရာရှိတွေက ကျောင်းသားတွေကို ဘတ်စ် ကားတွေနဲ့ အိမ်ပြန်ပို့ဖို့အရေး ရာသီဥတု ကြည်လင်လာတဲ့အထိ အချိန် ၂ နာရီနီးပါး ဆိုင်းထားခဲ့ကြတယ်လို့ ဆိုပါတယ်။ မိုးကြိုးမုန်တိုင်းတွေကြောင့် အင်ဒီယာနာပိုလစ် အနောက်မြောက်ပိုင်းမှာ လေဆင်နှာမောင်းတခု ဖြစ်ထွန်းခဲ့ပြီး ကိုကိုမိုဒေသမှာ တခြား လေဆင်နှာမောင်းတခု ဖြစ်ထွန်းခဲ့တယ်လို့ အမေရိကန် အခြေစိုက် မိုးလေဝသဌာန AccuWeather.comက အစီရင်ခံပါတယ်။ အေဘီစီ သတင်းဌာနနဲ့ မိတ်ဖက် ရုပ်သံကလည်း အင်ဒီယားနား ပြည်နယ်မှာ အနည်းဆုံး လေဆင်နှာမောင်း ငါးခု တိုက်ခတ်ခဲ့တယ်လို့ အစီရင်ခံပါတယ်။ ကိုကိုမို၊ အာကာနာ၊ ဂျိနီဗာနဲ့ ခရောဖို့ဒ်ဗေလီ မြို့တွေကို တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒီယာနာပိုလစ် မြောက်ပိုင်းမှာ အိမ်ခြေ ၂ သောင်း ၂ ထောင်ကျော် လျှပ်စစ်မီး မရဘဲ နေခဲ့ရတယ်လို့ ဒုခ် အင်နာဂျီ ကုမ္ပဏီက အစီရင်ခံပါတယ်။ Indianapolis Power and Light ကုမ္ပဏီကလည်း သူ့ဖောက်သည် အယောက် တသောင်း တထောင်လောက် မွန်းလွဲပိုင်းမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။ ဟိုးဝပ်မြို့နယ်မှာတော့ ဒီနေ့မနက်ပိုင်း ၁ နာရီထိ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ ဘွန်းနေးနဲ့ မောင့်ဂိုမေရီ မြို့နယ်တွေမှာ မုန်တိုင်း ဖြတ်သန်းခဲ့လို့ လေဆင်နှာမောင်း သတိပေးချက်တွေကို ညနေ ၃ နာရီ မတိုင်ခင် ထုတ်ပြန် ကြေညာပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up