Home
မြန်မာသတင်း
ဘားအံစက်မှုဇုန်အနီး လက်လုပ်ချိန်ကိုက်မိုင်းတလုံး ပေါက်ကွဲ
DVB
·
August 24, 2016
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်အနီးမှာ ဒီကနေ့မနက် ၉ နာရီကျော်က လက်လုပ်မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဘားအံမြို့မရဲစခန်းက ဒုရဲအုပ်သက်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ပေါက်ကွဲမှုဟာ ဘားအံစက်မှုဇုန်(၂)၊  ဘားအံ-ထီးဖိုးကလုံးကျေးရွာသွားကားလမ်း၊ မဟာ အထည်ချုပ်စက်ရုံရှေ့ ညောင်ပင်ခြေရင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး  မည်သူမည်ဝါရဲ့ လက်ချက်ဆို တာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေထိခိုက်သေဆုံးမှုမရှိပေမယ့် ပေါက်ကွဲစေတတ်တဲ့ ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) နဲ့ အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေတယ်လို့ ဒုရဲအုပ် သက်နိုင်ဦးက ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစိုးရပြန်ကြားရေးကလည်း အတည်ပြု သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမိုင်းဟာ ၂ လက်မပတ်လည်အရှည် ၆ လက်မခန့်ရှိ သံပိုက်လုံးအတွင်းမှာ  TNT ယမ်း၊ ပန်တိုပလပ်ယမ်းတွေ ထည့်ထားတဲ့အပြင် ကော့တက်စ်အားမြှင့် ယမ်းကြိုး ၁ ချောင်းကို ထပ်မံဖြည့်သွင်းပြီး ဓာတ်ခဲ ၂ လုံးနဲ့ ချိန်ကိုက်ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ [caption id="attachment_165289" align="aligncenter" width="960"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption] မိုင်းပေါက်ကွဲမှုဖြစ်ပွားချိန် ကားလမ်းမပေါ်မှာ လူနဲ့ယာဉ်တွေ ဖြတ်သန်းသွားလာတာမရှိလို့  ထိခိုက်သေဆုံးမှုမရှိဘဲ ညောင်ပင်ကတော့ ကားလမ်းပေါ် လဲကျသွားခဲ့ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာ မသိရှိသေးဘူးလို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024