Home
သတင်းဓာတ်ပုံ
BRT Lite ယာဉ်လိုင်း အစီးရေ ၂၀ ဖြင့် ထပ်မံပြေးဆွဲ
DVB
·
August 24, 2016
ရန်ကုန်ဘတ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီရဲ့ တတိယမြောက် BRT Lite ယာဉ်လိုင်းကို သြဂုတ် ၂၄ ရက်နေ့က စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ယာဉ်စီးရေ ၂၀ နဲ့ ပြေးဆွဲမယ့် ဒီလမ်းကြောင်းဟာ ကားမှတ်တိုင် ၄၀ ပါဝင်ပြီး ရန်ကုန်-ပြည်လမ်း (အမှတ် ၁ လမ်းမကြီး)၊ အမှတ် ၃ လမ်းမကြီး၊ သုဓမ္မာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ မင်းကြီးလမ်း၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ တညင်းကုန်းလမ်းနဲ့ ခရေပင်လမ်းမကြီးတို့ကို ဖြတ်သန်းမောင်းနှင်မှာဖြစ်ပါတယ်။ ယာဉ်စီးခ တစ်ဦးကို ၃၀၀ ကျပ် သတ်မှတ်ထားတဲ့ BRT Lite ယာဉ်လိုင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြေးဆွဲခဲ့ပါတယ်။ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ အများပြည်သူရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သတင်းဓာတ်ပုံ -အာကာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024