တရုတ်တွင် မြိုတွင်းတခု ရုတ်တရက်ဖြစ်ပေါ်ပြီး လူ ၂ ဦးကို ၀ါးမြို (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း လန်ကျိုးမြို့မှာ သြဂုတ် ၂၃ ရက်က မြိုတွင်းတခု ရုတ်တရက် ပေါ်ခဲ့ပြီး လူ ၂ ဦးကို ဝါးမြိုခဲ့တာ လုံခြုံရေးကင်မရာက ဖမ်းယူရရှိခဲ့ပါတယ်။ ဒီရုပ်သံကို တရုတ်အစိုးရ ရုပ်သံ စီစီတီဗွီက ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်က လူသွားစင်္ကြန်လမ်းမှာ မြိုတွင်းပေါ်လာခဲ့တာဖြစ်ပြီး အနားက ဖြတ်သွားတဲ့ လူ ၂ ဦး မြိုတွင်းထဲက ရေထဲကို ကျခဲ့ကာ ဒဏ်ရာရခဲ့ကြလို့ သူတို့ကို ဆေးရုံတင်ပို့ခဲ့ရပါတယ်။ မြိုတွင်းဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ စီစီတီဗွီက အစီရင်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up