Home
မြန်မာသတင်း
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၏ နည်းဥပဒေရေးဆွဲရာတွင် အကြံပြုချက်များအတွက် ဆွေးနွေးပွဲပြုလုပ်
DVB
·
August 23, 2016
မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကနေ မသန်စွမ်းသူများရဲ့ အခွင့်အရေးဥပဒေရဲ့ နည်းဥပဒေရေးဆွဲရာမှာ အကြံပြုထားချက်တွေကို တသံတည်းထွက်နိုင်အောင် အလုပ်ရုံ ဆွေးနွေးပွဲတခုကို မသန်စွမ်း ၄ မျိုးက ခေါင်းဆောင်တွေနဲ့ မသန်စွမ်းအဖွဲ့တွေ ၃ ရက်တာ သိမ်ဖြူလမ်း YMCA မှာ ပြုလုပ်ကျင်းပနေပါတယ်။ သြဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဆွေးနွေးကြမယ့် ကိစ္စတွေက အရင် ၂၀၁၅မှာ ပြဋ္ဌာန်းထားတဲ့ မသန်စွမ်းဥပဒေ ပင်မဥပဒေကို အခြေခံပြီး နည်းဥပဒေကို လူကယ်ပြန် ဋ္ဌာနက ရေးဆွဲထားပါတယ်။ ဒါကို မသန်စွမ်းအဖွဲ့တွေက ပြန်လည်ဆွေးနွေးသုံးသပ်ပြီး အကြံပြုချက်များ စာတမ်းကို ပုဒ်မတခုချင်း ပြန်လည်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က မသန်စွမ်း ပင်မဥပဒေပြဋ္ဌာန်းပြီးနောက် လူကယ်ပြန်ဋ္ဌာနက နည်းဥပဒေ ဆက်လက်ထုတ်ပြန်တာမှန်ပေမယ့် သန်စွမ်းအဖွဲ့အသီးသီးက သူတို့လိုချင်တဲ့ နည်းဥပဒေကို အဲ့ဒီဋ္ဌာနကို ကြိုတင် တင်သွင်းထားပေမယ့် လူကယ်ပြန်ဋ္ဌာနက Zero Draft ဆိုတဲ့ နည်းဥပဒေမူကြမ်းကို ထုတ်ပြန်လိုက်ပါတယ် အဲ့တာကြောင့် လူကယ်ပြန်ဋ္ဌာနရဲ့ နည်းဥပဒေမူကြမ်းနဲ့ မသန်စွမ်းအဖွဲ့တွေတင်သွင်းထားတဲ့ နည်းဥပဒေတို့ကြား ကွာဟမှု မဖြစ်အောင် ဒီ ၃ ရက်မှာ အသေးစိတ်ဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိတွေ့ရှိချက်အရ မသန်စွမ်းပင်မဥပဒေမှာ မသန်စွမ်းသူအဓိပ္ပာယ်ဖွင့်ဆိုတဲ့ နေရာမှာ မရှင်းလင်းမပြတ်သားတာတွေပါဝင် နေတဲ့အပြင် အခု zero draft နည်းဥပဒေမူကြမ်းမှာလည်း ရှုပ်ထွေးနေသေးတာတွေကြောင့် သိသိသာသာ ကွဲကွဲပြားပြား အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုနေသေး ပါတယ်။ အဲ့ဒိထဲမှာ အမြင်အာရုံချို့တဲ့မှုအပိုင်း၊ အကြားအာရုံချို့တဲ့မှုအပိုင်းနဲ့ ကိုယ်အင်္ဂါချို့ယွင်းမှုတွေ ပိုင်းမှာ သိသာတဲ့ ရှင်းလင်းမှုတွေတွေ့နိုင်ပေမယ့် ဉာဏ်ရည်မသန်စွမ်းသူတွှေကို အဓိပ္ပါယ်ဖွင့် ထားရာမှာတော့ သိသိသာသာရှုပ်ထွေးသေးနေသေးတဲ့အကြောင်း ဉာဏ်ရည်မသန်စွမ်း မိဘတွေက ဥပမာပေးဆွေးနွေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024