နျူကလီးယားဖြင့် လက်ဦးမှုယူ တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေသည့် အမေရိကန်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရိုက်တာ)
သြဂုတ် ၂၂ ရက်က စတင်လိုက်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ရီးယားနိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပြီး နျူကလီးယား တိုက်ခိုက်မှုတွေနဲ့ လက်ဦးမှု ရယူတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်က မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တဦး တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်းခိုလှုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေ အရှိန်မြင့်လာတာပါ။ စက်တင်ဘာ ၂ ရက်နေ့အထိ လုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ သောင်းခွဲလောက် ပါဝင်ပြီး မြောက်ကိုရီးယားကို ရန်စမှု မဟုတ်တဲ့အကြောင်း စာရေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ နှစ်နိုင်ငံနယ်စပ်ကို စောင့်ကြပ်တဲ့ ကုလသမဂ္ဂ လက်နက်ကိုင်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ သူ့ကို ရန်လိုတဲ့လက္ခဏာ တွေ့ရှိတာနဲ့ နျူကလီးယားဗုံးနဲ့ ပြာပုံဖြစ်သွားတဲ့အထိ လက်ဦးမှုရယူ တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်ရုပ်သံက ကြေညာခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ အခုနှစ် ဇန်န၀ါရီလက ၄ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့အပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ပိတ်ပင်အရေးယူမှုတွေ ပိုပြီး ခံလာရတာပါ။ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီး ယာယီစစ်ပြေငြိမ်းရေးစာချုပ်ပဲ ချုပ်ဆိုထားကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up