Home
မြန်မာသတင်း
ကရင်ပြည်အတွင်း စစ်ကျန်မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးသင်တန်း ပြုလုပ်
DVB
·
August 23, 2016
ကရင်ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာမိုင်းပညာရှင်များပါဝင်ဖွဲ့စည်းထားတဲ့ Dan Church Aid(DCA)၊ UNICEF (မြန်မာ)တို့ ပူးပေါင်းပြီး မိုင်းအန္တရယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းကို မနေ့ သြဂုတ်လ ၂၂ ရက်နေ့ကစပြီး ၄ ရက်တာ ကျင်းပနေပါတယ်။ သင်တန်းကို ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ကျင်းပနေတာဖြစ်ပြီး ကရင်ပြည်နယ် အတွင်း ၇ မြို့နယ်က ဌာနဆိုင်တွေဖြစ်တဲ့ သစ်တော၊ မြေစာရင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးနဲ့ ပညာရေးဋ္ဌာနက၀န်ထမ်း ၆၀ ကျော် သင်တန်း တက်ရောက်ကြပါတယ်။ မိုင်းအန္တရယ်နဲ့ပတ်သက်ပြီး ပြည်သူလူထုဆီရောက်အောင် ဌာနဆိုင်ရာတွေကို ခေါ်ယူ သင်တန်းပေးရတာဖြစ်တယ်လို့ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။ “အဲဒီမှာကျနော်တို့ မြေစာရင်းပါတယ်။ သစ်တောပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနပါတယ်။ နယ်စပ်ဒေသနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပါတယ်။ ပညာရေးက ၀န်ထမ်းတွေလည်းပါပါတယ်။ ဒီဝန်ထမ်းတွေက သူတို့ကိုယ်တိုင် မိုင်းအန္တရာယ်ကင်းရှင်းဖို့အတွက် အသိပညာတွေရရှိသလို သူတို့ကနေတဆင့် ကျနော်တို့ ပြည်သူလူထု တိုင်းရင်းသားတွေထဲကို ဒီပညာတွေ ရောက်ရှိဖို့ အတွက်ကိုလည်း ဒီသင်တန်းကို ရည်ရွယ်ပြီးမှ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။” ကရင်ပြည်နယ်အတွင်း စစ်ကျန်မြေမြှုပ်မိုင်းတွေ လက်ရှိအချိန်အထိအများအပြားရှိနေပြီး ပြည်သူ တွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ လူမှုစီးပွားကိစ္စတွေမှာ ဒီစစ်ကျန်မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရမှုသေဆုံးမှုတွေက ရှောင်ရှားနိုင်အောင် အခုလို သင်တန်းတွေပေးရတာလို့ လည်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်းက ဘယ်နေရာတွေက မိုင်းအန္တရာယ်အရှိ နိုင်ဆုံးနေရာတွေလဲဆိုတာ ဆုံးဖြတ်ဖို့ (DCA) အနေနဲ့ လောလောဆယ် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီနှစ်တွေလတွေမှာမြန်မာနိုင်ငံအတွင်း ဘယ်နေရာတွေကတော့ မိုင်းတွေအရှိ နိုင်ဆုံးနေရာဆိုတာသိဖို့ ဆောင်ရွက်စရာတွေကျန်နေပါသေးတယ်လို့ (DCA)ရဲ့ စီမံချက်မန်နေ ဂျာ Matthew Richard Walsh ကပြောပါတယ်။ “မြေမြှုပ်မိုင်း အန္တရာယ်ကနေလွတ်ကင်းပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်တခုဖြစ်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။ လက်ရှိမှာတော့ ကျနော်တို့က မြေမြှုပ်မိုင်းရှင်းလင်းရေး အသိပညာပေးတဲ့ ကိစ္စကိုပဲ အာရုံစိုက်လုပ် ဆောင်နေတာဖြစ်ပါတယ်။ အနာဂတ်မှာလည်း ဒေသခံရှိတဲ့ ဒေသအတွင်းမှာ အသေးစိတ်ဝင်ရောက် ဆက်လက်လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။” ပြီးခဲ့တဲ့ မတ်လ(၁၆)ရက်နေ့က ကမမောင်းမြို့နယ်၊ ကော်ကျိုကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးဖာခယ်နဲ့ဧပြီလ ၁၈ နေ့မှာ ရှမ်းရွာသစ်မြို့နယ် ထီးပနားကျေးရွာကအသက် ၁၉ နှစ် အရွယ် စောဒီးဒီး တို့ဟာ တောင်ယာလုပ်ငန်းခွင်မှာ မြေမြှုပ်မိုင်းတွေနင်းမိပြီး ဦးဖာခယ်ကတော့ ညာခြေတဘက်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိမှုနှုန်းထဲမှာ မြန်မာပြည်က ဒသမမြောက်အများဆုံး နိုင်ငံဖြစ်တယ် မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ) ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024