ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ညီလာခံဖွင့်ပွဲ မီဒီယာများ သတင်းယူခွင့်မပြု
ကျော်ဇေဝင်း
·
August 22, 2016
သမ္မတဟောင်း ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်ပါတီ ညီလာခံဖွင့်ပွဲကို သတင်းမီဒီယာများ သွားရောက် သတင်းရယူပေမယ့် သတင်းရယူခွင့်မပြုခဲ့ပါဘူး။
ဒါပေမယ့် ပါတီကဖိတ်ကြားထားတဲ့ မီဒီယာလေးခုသာသတင်းရယူခွင့်ပြုမှာဖြစ်ပြီး အဲ့ဒီ မီဒီယာတွေကတော့ မြန်မာ့အသံ၊ မြဝတီ၊ MRTV-4နဲ့ Skynet ရုပ်သံလိုင်းတို့သာ ဝင်ခွင့်ပြုမယ်လို့သိရပါတယ်။
ပါတီညီလာခံကို သြဂုတ်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိသုံးရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှသာ ဝင်ရောက်သတင်းယူခွင့်ပြုမယ်လို့ ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကနေ ၁၁ ရက်အထိ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စာတမ်းကို အစုအဖွဲ့ ၄ စုခွဲ၍ စာတမ်း ပြုစုခဲ့ပြီး အဲ့ဒီစာတမ်းကို တခုတည်းဖြစ်အောင် အခုကျင်းပတဲ့ညီလာခံမှာ ပေါင်းစည်းပြီး ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းမယ်လို့ သမ္မတဟောင်း ဦးသိန်းစိန်(ပါတီဥက္ကဋ္ဌ)က အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။
-