မိုင်ယာမီကမ်းခြေတွင် ဇီကာဗိုင်းရပ်စ်ကူးစက်၊ ကိုယ်ဝန်ဆောင်များ မသွားရန် သတိပေး

Aedes aegypti mosquitoes are seen inside Oxitec laboratory in Campinas, Brazil, February 2, 2016. REUTERS/Paulo Whitaker/File Photo
အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီကမ်းခြေမှာ ဇီကာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ့ရှိ အတည်ပြုခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အဲ့ဒီနေရာကို မသွားရောက်ကြဖို့ အမေရိကန်ကျန်းမာရေး အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်နေတဲ့ မိုင်ယာမီဒိတ် Miami-Dade မြို့နယ် တခုလုံးကိုပါ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရှောင်ကြဖို့ အမေရိကန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအဖွဲက တိုက်တွန်းထားပါတယ်။ အခုနောက်ဆုံး ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အထူးစည်ကားတဲ့ မိုင်ယာမီကမ်းခြေမြို့မှာပါ ရောဂါကူးစက်မှုသစ်တွေ တွေ့ရှိလာတဲ့အတွက် အမေရိကန်ဒေါ်လာသေန်းနဲ့ချီဝင်ငွေ ရရှိတဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်စရာရှိပါတယ်။ မိုင်ယာမီကမ်းခြေမြို့မှာ နောက်ထပ်ကူးစက်မှု ၅ မှုတွေ့ရှိခဲ့တာကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လူထုကို စောစောစီးစီး အသိမပေးခဲ့တာအတွက် ပြည်နယ်လူထုက ဒေါ်သထွက်နေကြပါတယ်။ “ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူတွေရော၊ ပြည်နယ်ကို လာရောက်မယ့် သူတွေရော ပြည်နယ်မှm ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေကို သိရှိဖို့ အလွန်အရေးကြီးတယ်” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott ကပြောဆိုပါတယ်။ မိုင်ယာမီ ဒိတ်မြို့နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဇီကာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့တဲ့မြို့နယ်ဖြစ်ပြီး ဗိုင်းရပ်စ်နှိမ်းနင်းရေး အသည်းအသန်လုံးပန်းနေချိန်မှာ မိုင်ယာမီကမ်းခြေမြို့မှာပါ ကူးစက်မှုသစ်တွေ တွေ့ရှိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up