
ကမ္ဘာ့ဘဏ်က ကမ္ဘာပေါ်ရှိ ဆင်းရဲသားအားလုံးရဲ့ သုံးပုံတပုံဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ ‘ဆင်းရဲတယ်’ဆိုတဲ့ စကားလုံးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအသစ်တွေလုပ်ဖို့ အချေအတင် ဆွေးနွေးမှု တွေ ရှိလာပါတယ်။ အိန္ဒိယရဲ့ စီမံကိန်းကော်မရှင်ကလည်း ဆင်းရဲတဲ့လူဆိုတာ ဘယ်လိုအချက်လက်တွေနဲ့ ပြည့်စုံရ မယ်၊ အဲဒီလူတွေကိုပဲ အစိုးရက အကူအညီပေးသင့်တယ်ဆိုတဲ့ poverty line သစ်တခုကို မကြာခင်က ကြေညာခဲ့ပါ တယ်။ အဲဒီကော်မရှင်ရဲ့ ဆင်းရဲမှုသတ်မှတ်ချက် စံနှုန်းတွေကို အိန္ဒိယနိုင်ငံသား အများစုက လှောင်ပြောင်နေကြောင်း နယူးဒေလီက ဘစ္စမီလာ ဂီလာနီက (Bismillah Geelani) သတင်းပေးပို့ထားပါတယ်။ ဒီသတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။