A d v e r t i s e m e n t With Us

ဆင်း​ရဲသား​ဖြစ်ဖို့​ အချက်အလက်​တွေ ခိုင်လုံရဲ့​လား

ကမ္ဘာ့​ဘဏ်က ကမ္ဘာ​ပေါ်ရှိ ဆင်း​ရဲသား​အား​လုံး​ရဲ့​ သုံး​ပုံတပုံဟာ အိန္ဒိယနိုင်ငံမှာ ​နေထိုင်​နေတယ်လို့​ ​ပြောပါတယ်။ ဒါ​ပေမဲ့​ အိန္ဒိယမှာ ‘ဆင်း​ရဲတယ်’ဆိုတဲ့​ စကား​လုံး​အ​ပေါ် အဓိပ္ပါယ်ဖွင့်​ဆိုမှုအသစ်​တွေလုပ်ဖို့​ အ​ချေအတင် ​ဆွေး​နွေး​မှု ​တွေ ရှိလာပါတယ်။ အိန္ဒိယရဲ့​ စီမံကိန်း​ကော်မရှင်ကလည်း​ ဆင်း​ရဲတဲ့​လူဆိုတာ ဘယ်လိုအချက်လက်​တွေနဲ့​ ပြည့်​စုံရ မယ်၊​ အဲဒီလူ​တွေကိုပဲ အစိုး​ရက အကူအညီ​ပေး​သင့်​တယ်ဆိုတဲ့​ poverty line သစ်တခုကို မကြာခင်က ​ကြေညာခဲ့​ပါ တယ်။ အဲဒီ​ကော်မရှင်ရဲ့​ ဆင်း​ရဲမှုသတ်မှတ်ချက် စံနှုန်း​တွေကို အိန္ဒိယနိုင်ငံသား​ အများ​စုက ​လှောင်​ပြောင်​နေ​ကြောင်း​ နယူး​ဒေလီက ဘစ္စမီလာ ဂီလာနီက (Bismillah Geelani) သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီသတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up