ကမ္ဘောဒီးယားမှ ဆင်းရဲသားများ ရွေးကောက်ပွဲ မဲပေးခွင့်ရရေး တိုက်ပွဲဝင်
DVB
·
October 12, 2011
မကြာခင်ကျင်းပတော့မယ့် ကမ္ဘောဒီးယားနိုင်ငံ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဆင်းရဲတဲ့ မိသားစု ၇၀၀ ကျော်ဟာ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ပြောဆိုခွင့်လည်းမရှိ၊ မဲပေးခွင့်မရ ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘောဒီးယား မြို့ပြဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့်၊ မြေယာကနေ ဖယ်ရှားနှင်ထုတ်ခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။ အခု အဲဒီသူတွေမှာ အိမ်ပိုင်မြေပိုင်လည်း မရှိသလို၊ နိုင်ငံသားမှတ်ပုံတင်ကတ်တွေလည်း မရှိကြပါဘူး။ နောက်နှစ် ကမ္ဘော ဒီးယား ရွေးကောက်ပွဲမှာ အဲဒီလူတွေ မဲပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ဖနွမ်းပင်မြို့က ‘ဘိုရင်း နောင်’ (Borin Noun) က သတင်းပေးပို့ထားတာပါ။ ဒီသတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင် ပါတယ်။