A d v e r t i s e m e n t With Us

ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ လွတ်လပ်​ရေး​ကာလ သတ်ဖြတ်ခဲ့​မှု​တွေကို စစ်ခုံရုံး​တင်

ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံက အကြီး​ဆုံး​ အစ္စလာမ်ပါတီရဲ့​ ​ခေါင်း​ဆောင် ‘ဒယ်လ်ဝါ ဟိုစ်စီယန် ဆာ​ရေဒီး​’ (Delwar Hossian Sayedee) ကို ၁၉၇၁ ခုနှစ် ဘင်္ဂလား​ဒေ့​ရှ် လွတ်လပ်​ရေး​ကာလအတွင်း​ လူသတ်ခဲ့​မှု​တွေနဲ့​ ဒါကာမြို့​ရှိ စစ်ရာဇဝတ်ခုံ ရုံး​က တရား​စွဲလိုက်ပါတယ်။ မစ္စတာ ‘ဆာ​ရေဒီး​’ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊​ နှိပ်စက်ညှဉ်း​ပန်း​မှုအပါအဝင် ရာဇဝတ်မှု​ပေါင်း​စုံနဲ့​ စွဲချက်တင်ခဲ့​ပါတယ်။ ဒါ​ပေမဲ့​ သူက​တော့​ ဒီစွပ်စွဲမှုအား​လုံး​ကို ငြင်း​ဆိုခဲ့​ပါတယ်။ သတင်း​ထောက် ​ဒေး​ဗစ် ဘာဂ်မန် (David Bergman) က ဘင်္ဂလား​ဒေ့​ရှ် စစ်ရာဇဝတ်ခုံရုံး​ကို သွား​ရောက် သတင်း​ရယူ ​ပေး​ပို့​ထား​တာ ပါ။ ဒီဘာသာပြန်သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up