ဖုန်းပြောသူနေရာ သိနိုင်မည့် ဆင်းမ်ကတ် ထိုင်းရောက် နိုင်ငံခြားသားများ အသုံးပြုရမည်

ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဖုန်းပြောသူတွေရဲ့ နေရာကို လိုက်လံခြေရာခံနိုင်မယ့် ဆင်းမ်ကတ် အသုံးပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့လုံခြုံရေးအတွက် ဒီလို ဆင်းမ်ကတ်အသုံးပြုဖို့ လုပ်ဆောင်တာလို့ ထိုင်းအမျိုးသား အသံလွှင့်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးကော်မရှင် (အမ်ဘီတီစီ) အထွေထွေ အတွင်းရေးမှူး တာကွန်တန်တားစစ်က ပြောပါတယ်။ အမ်ဘီတီစီအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပါအ၀င် တယ်လီဖုန်း အော်ပရေတာ၊ အကောက်ခွန်ဌာနတွေနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ တယ်လီဖုန်း အော်ပရာတွေက ဖုန်းအသုံးပြုသူတွေ ပြုပြင်ပြောင်းလဲလို့ မရတဲ့ အသုံးပြုသူရဲ့ တည်နေရာကို ညွှန်ပြနိုင်တဲ့ နည်းပညာကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်တာဖြစ်ပြီး ဒီလိုလုပ်ဆောင်ဖို့ တရားရုံးက ခွင့်ပြုချက် လိုအပ်မှာလည်း ဖြစ်ပါတယ်။ ဘယ်အချိန်မှာ လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဆင်းမ်ကတ်အသစ်က ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို စောင့်ကြည့်နိုင်မယ့် အခွင့်အရေးကို ရရှိမယ်လို့ တရုတ် စီအန်အန်သတင်းက ရေးပါတယ်။ ဒီလိုဆင်းမ်ကတ်ကို အသုံးပြုရင် တဦးချင်း လွတ်လပ်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိထိုင်းနဲ့နိုင်ငံခြားသားတွေ အသုံးပြုနေတဲ့ ဆင်းမ်ကတ်တွေကတော့ တယ်လီဖုန်း တာဝါတိုင်တွေကနေ တဆင့် ခြေရာခံနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up