တူရကီ မင်္ဂလာဆောင်တခုတွင် ဗုံးကွဲ၊ အနည်းဆုံး လူ ၃၀ သေဆုံး

တူရကီနိုင်ငံတောင်ပိုင်းက ဂါဇီယန်တက်မြို့မှာ သြဂုတ် ၂၀ ရက်နေ့က မင်္ဂလာဆောင် အခမ်းအနားကျင်းပနေချိန်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူအနည်းဆုံး အယောက် ၃၀ သေဆုံးခဲ့ပါတယ်။ အသေခံဗုံးဖောက်ခွဲမှုလို့ တူရကီအစိုးရက ပြောဆိုထားပြီး လူ ၉၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဂါဇီယန်တက်မြို့မှာ ဆီးရီးယားနယ်စပ်နဲ့ မိုင် ၄၀ လောက်ကွာဝေးပြီး ကာဒ့်လူမျိုးစုတွေ အများဆုံးနေထိုင်တာပါ။ ဒါဟာ အတော်ကို ရမ်းကားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး တူရကီနိုင်ငံက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားမယ်လို့ တူရကီဒုတိယ၀န်ကြီးချုပ်ကပြောဆိုပါတယ်။ ဒီဗုံးပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ အများအပြားနေထိုင်တဲ့ ရပ်ကွက်တခုဖြစ်ပြီး  မင်္ဂလာဆောင်အပြီးမှာ ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။ ဗုံးပေါက်ကွဲသံကို တမြို့လုံးကြားခဲ့ရပြီး ဘယ်သူ၊ ဘယ်အကြမ်းဖက်အဖွဲ့အစည်းက ဖောက်ခွဲတယ်ဆိုတာ ကြေညာခြင်းမရှိသေးပါဘူး။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up