A d v e r t i s e m e n t With Us

ပါကစ္စတန် လူမျိုး​စု​ဒေသမှာ ဂီတသံ ပြန်ကြား​ရ

အာဖဂန်နစ္စတန်နယ်စပ်နဲ့​ ကပ်လျက် ပါကစ္စတန်နိုင်ငံက ‘ပူရှထွန်’ လူမျိုး​စု​တွေ ​နေထိုင်တဲ့​ ဘန်ဂျာပြည်နယ်မှာ ​တေး​ဂီတကို ​လေး​နှစ်​ကျော်ကြာ ပိတ်ပင်တား​မြစ်ခဲ့​ပါတယ်။ အဲဒီမှာ ဂီတဟာ ​ဒေသယဉ်​ကျေး​မှုရဲ့​ အဓိကအစိတ်အ ပိုင်း​ ဖြစ်​နေခဲ့​တာ မျိုး​ဆက်ချီ ကြာခဲ့​ပါပြီ။ ဒါ​ပေမဲ့​ အဲဒီ​ဒေသကို တာလီဘန်​တွေ ထိန်း​ချုပ်လိုက်ပြီး​နောက်မှာ​တော့​ အဆို၊​ အက စတဲ့​ ဂီတပုံစံအား​လုံး​ဟာ အစ္စလမ်ဘာသာကို ဆန့်​ကျင်တယ်ဆိုပြီး​ တင်း​တင်း​ကျပ်ကျပ် ပိတ်ပင်တား​မြစ် ထား​ခဲ့​ပါတယ်။ ဒီနှစ် မတ်လထဲမှာ​တော့​ ပါကစ္စတန်စစ်တပ်က အဲဒီ​ဒေသက စစ်​သွေး​ကြွ​တွေကို ​မောင်း​ထုတ်နိုင်ခဲ့​ ပါတယ်။ ပါကစ္စတန်က​နေ မူဒါဆာရှား​ (Mudassar Shah) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန်သတင်း​ ​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up