ရုရှားက ကိုရီးယားကျွန်းဆွယ်ဖြတ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်လို
DVB
·
October 9, 2011
လွန်ခဲ့တဲ့အပတ်အတွင်း မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားက နှစ်ဖက်သံတမန်တွေ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်အပေါ် ဆွေးနွေးမှုတွေ ရှေ့မတိုး-နောက်မ ဆုတ် ဖြစ်နေတာ သုံးနှစ်နီးပါး ကြာပြီးနောက် အခု နှစ်ဖက်စလုံးက ဆွေးနွေးမှုတွေ ပြန်စဖို့ ကြိုးစားနေပါတယ်။ တကယ်တော့ ကိုရီးယားကျွန်းဆွယ် ပြဿနာဟာ နျူကလီးယားလက်နက်ကိစ္စ တခုတည်း မဟုတ်ပါဘူး။ ရုရှားက ကိုရီးယားကျွန်းဆွယ်ကိုဖြတ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းလိုတဲ့ ပြဿနာလည်း ရှိနေပါတယ်။ အဲဒီစီမံကိန်းက စီးပွားရေးအကျိုးအမြတ်တွေ ရှိနိုင်ပေမဲ့ အကောင်အထည်ဖော်နိုင်ဖို့ အချိန်အတော်ကြာဦးမယ်လို့ သတင်းထောက် ‘ဂျေဆန် စထရိုသာ’ (Jason Strother) က ဆိုးလ်မြို့ကနေ တင်ပြထားပါတယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။