အာဖဂန်နစ္စတန်မှ မုဆိုးမ တောင်ကုန်း
DVB
·
October 8, 2011
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မှာ ‘တပါယေ ဇန်အေဘဒ်’ လို့ခေါ်တဲ့ တောင်ကုန်းတခု ရှိပါတယ်။ ဒီနာမည်က အမျိုးသမီးတွေ ဖန်တီးထားတဲ့ တောင်ကုန်းလို့ အဓိပ္ပါယ်ရပါတယ်။ မုဆိုးမ ၁,၀၀၀ ကျော်ဟာ ဒီတောင်ကုန်းမှာ သူတို့လက်နဲ့ ကိုယ်တိုင် အိမ်တွေဆောက်ခဲ့ကြပါတယ်။ ဘယ်ယောက်ျားသားရဲ့ အကူအညီမှ မရယူခဲ့ပါဘူး။ သတင်းထောက် ‘မဲလ်ယာ ဆယဒ် အဇက်ဒ်’ က ဒီတောင်ကုန်းကို သွားရောက် သတင်းရယူထားပါ တယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။