ဟောင်ကောင်မှာ အမြဲတမ်းနေခွင့်ရဖို့ အိမ်ဖော်များ တောင်းဆို
DVB
·
October 7, 2011
ဟောင်ကောင် ဗဟိုတရားရုံးက ဖိလစ်ပိုင်အိမ်ဖော်တွေ ဟောင်ကောင်မှာ အမြဲတမ်းနေထိုင်နိုင်ခွင့်ရဖို့ လျှောက်ထား နိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ဟောင်ကောင်အလုပ်ရှင်တဦးတည်းဆီမှာ နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ ဖိလစ်ပိုင်အိမ်ဖော် ‘အီဗန်ဂျလင်း ဘနာနို ဗဲလ်လီဂျိုးစ်’ ရဲ့ အမှုကနေ ဖြစ်လာတာပါ။ တရားရုံးဆုံးဖြတ်ချက်ကြောင့် ဟောင်ကောင်မှာ အလုပ်လုပ်နေတဲ့ အိမ်ဖော် တသိန်းကျော်ကို အမြဲတမ်းနေထိုင်ခွင့် ရရှိစေမှာဖြစ်ပါတယ်။ ဟောင်ကောင်က သတင်းထောက် ‘ဘန်ယာ ခွန်ဂျာနွိုင်’ (Banyar Kong Janoi) က ဒီအမှုဟာ ထောင်သောင်းချီတဲ့လူတွေရဲ့ ဘဝအတွက် အလွန်အရေးကြီးကြောင်း တင်ပြထားပါတယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။