ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ အီတလီ ဓာတ်ပုံဆရာ
DVB
·
October 5, 2011
‘ဖေဘီယို ပိုလန်ဂီ’ ဆိုသူ ဓာတ်ပုံဆရာတယောက်ဟာ ထိုင်းနိုင်ငံကို မနှစ်ကသွားပြီး ဘန်ကောက်မြို့လယ်မှာ အစိုးရ ဆန့်ကျင်သူတွေအကြောင်း သတင်းယူဖို့ သုံးလကြာနေခဲ့ပါတယ်။ ဆန္ဒပြနေတဲ့ လမ်းပေါ်မှာ သူ့ရင်ဝကို ကျည်ဆံထိ မှန်ပြီး သေဆုံးသွားပါတယ်။ မနှစ်က ထိုင်းနိုင်ငံရေးရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုမှာ ထိုင်းအရပ်သား ၉၀ ကျော် သေဆုံးခဲ့ပါတယ်။ ဖေဘီယိုရဲ့နှမ ‘အစ္စဘယ်လာ’ က မနှစ်ကတည်းက သူ့အစ်ကို အသတ်ခံရတဲ့ အဖြစ်မှန်ဇာတ် လမ်းကို လိုက်လံစုံစမ်းနေပါတယ်။ သတင်းထောက် ‘ရေဘက်ကာ ဗယ်လီ’ က အစ္စဘယ်လာ နေထိုင်တဲ့ အီတလီ မီလန်မြို့ကို သွားရောက်မေးမြန်းပြီး သတင်းပေးပို့ထားတာကို နားဆင်ရမှာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။