Home
Lead Story
၁၁ ထပ်ပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာမရ အသက်ရှင်ခဲ့သူ (ရုပ်သံ)
DVB
·
August 19, 2016
ကိုလံဘီယာနိုင်ငံမှာ အရက်မှူးသမားတဦးဟာ ၁၁ ထပ်ပေါ်က ပြုတ်ကျခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် ကိုလံဘီယာနိုင်ငံသားဟာ ၁၁၀ ပေမြင့်တဲ့ လေသာဆောင် ပေါ်ကနေပြုတ်ကျခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၁၈ ရက်နေ့ ယူကျူ့ပေါ်တင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီလူဟာ ကံကောင်းထောက်မစွာနဲ့ အောက်မှာရှိတဲ့ အမိုးအကာတခုပေါ်ကို ကျပြီး အသက်ရှင်ကျန်ရစ်ခဲ့တာကို တွေ့ရပါတယ်။ တစုံတရာ ထိခိုက်နာကျင်ခဲ့မှုလည်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024