အိုလံပစ်ပြိုင်ပွဲတွင် မြန်မာအပြေးသမားများ ရလဒ်မကောင်းဘဲရှုံးနိမ့်

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၅၀၀၀ နဲ့ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားနှစ်ဦးဟာ ပထမဆင့်မှာပဲ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကစားသမားတွေဝင်ပြိုင်ခဲ့တဲ့ အမျိုးသားမီတာ ၅၀၀၀ ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် အပြေးသမား ဆန်းနိုင်ဟာ ၁၅ မိနစ်နဲ့ ၅၁.၀၅ စက္ကန့်နဲ့ပန်းဝင်ခဲ့လို့ အဆင့် ၂၄ သာ ရခဲ့ပြီးပြိုင်ပွဲကနေ ထွက်ရပါတယ်။ အလားတူ အမျိုးသမီးမီတာ ၈၀၀ ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ မြန်မာအပြေးမယ် ဆွေလီမြင့်ဟာ နိုင်ငံ ၈ နိုင်ငံဝင်ပြိုင်ခဲ့တဲ့ ပထမအဆင့်မှာ ၂ မိနစ်နဲ့ ၁၆.၉၈ စက္ကန့်နဲ့ နောက်ဆုံးကနေ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၅ မျိုးမှာ ကစားသမား ၇ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြားပစ်၊ ဂျူဒို၊ ရေကူးနဲ့ သေနတ်ပစ်ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာအိုလံပစ် အားကစားအဖွဲ့ဟာ လာမယ့်သြဂုတ် ၂၄ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up