အမေရိကန်သမ္မတလောင်း ထရမ့်ပုံစံတူ ၀စ်လစ်စလစ်ရုပ်တုများ စိုက်ထူ (ရုပ်သံ)

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ သက်ရှိအရွယ် ဝတ်လစ်စလစ် ပုံတူရုပ်တုကို အနုပညာရှင်တွေက အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ စိုက်ထူခဲ့ကြပါတယ်။ ကြီးမားလှတဲ့ ဗိုက်အိုး၊ လက်ချောင်းသေးသေးတွေနဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းတချို့ မပါတဲ့ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်တုတွေကို မန်ဟန်တန်မြို့လယ်က ပြည်ထောင်စုရင်ပြင် ပန်းခြံနဲ့ တခြား မြို့ကြီး ၄ ခုမှာ ဖွင့်လှစ်လိုက်တာပါ။ ရုပ်တုတွေရဲ့ နာမည်ကိုတော့ လိင်ဥမပါတဲ့ အင်ပါယာလို့ နာမည်ပေးထားပါတယ်။ ဒီရုပ်တုတွေကို သူတို့လုပ်တာလို့ ကြေညာထားတဲ့ အုပ်စုက အင်ဒက်ခ်လိုင်းလို့ ခေါ်ပြီး သူတို့ထဲမှာ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေ ပါပါတယ်။ ဂျင်ဂျာလို့ခေါ်တဲ့ အနုပညာရှင်က ရုပ်တုတွေ တူအောင် ဖန်တီးရာမှာ ကူညီခဲ့တယ်လို့ သူတို့က ပြောပါတယ်။ ရုပ်တုတွေကို ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ ဆီယက်တယ်နဲ့ ကလိဗ်လန်းမြို့ကြီးတွေမှာလည်း ချထားခဲ့တယ်လို့ အီးမေးလ်ကတဆင့် သူတို့က ပြောပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အီးမေးလ်ပို့ရာမှာ ဒေါ်နယ်လ်ထရမ့်ရဲ့ ပြောခွင့်ရက တုံ့ပြန်မှု မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up