အသက် ၁၅၀ အရွယ်အိုမင်းနေသည့် ၁၉ နှစ် အမျိုးသမီးသေဆုံး (သတင်းဓာတ်ပုံ)

ခန္ဓာကိုယ်က အသက် ၁၅၀ အရွယ် အိုမင်းနေတဲ့ အသက် ၁၉ နှစ်အရွယ် ဖိလစ်ပိုင် အမျိုးသမီးဟာ ကွယ်လွန်သွားပါတယ်။ အာရှရဲ့အသက်အကြီးဆုံး အမျိုးသမီးလို့ တင်စားခေါ်ဝေါ်တဲ့ အန်နာ ရိုဆယ်လီဟာ နှလုံးရောဂါ ဒါမှမဟုတ်ရင် လေဖြတ်တဲ့ရောဂါနဲ့ ကွယ်လွန်သွားတာလို့ သတင်းတွေမှာ ရေးသားပါတယ်။ သေဆုံးမှုကို မျိုးရိုးဗီဇဆိုင်ရာ ဝေဒနာ ခံစားနေရသူတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အမေရိကန်အခြေစိုက် ဖောင်ဒေးရှင်းတခုက ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာ သတ်မှတ်အသက်အရွယ်ထက် ၈ ဆ အလျင်အမြန် အိုမင်းနေတဲ့ ရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်မွေးနေ့တုန်းကတော့ ထီးနန်းဆန်ဆန် ၀တ်စားဆင်ယင်ပြီး မွေးနေ့ပွဲကို ကျင်းပခဲ့သလို ရိုဆယ်လီ ကြိုက်နှစ်သက်တဲ့ အဆိုတော် ဆာရာ ဂျာရိုနီမိုနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up