Home
မြန်မာသတင်း
ကောက်ရသောပိုက်ဆံအိတ် ပြန်ပေးသည့် လေလွင့်အဖိုးအိုအား ပိုင်ရှင်က ပြန်ကယ်တင်
DVB
·
August 19, 2016
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အခြေအနေမဲ့ လေလွင့်အဖိုးအိုတယောက်က ကောက်ရတဲ့ ပိုက်ဆံအိတ်ကို ရဲစခန်းမှာ ရိုးသားစွာ သွားအပ်ထားတဲ့အတွက် ပိုင်ရှင်ဖြစ်သူက ပြန်ကယ်တင်ခဲ့တယ်လို့ လူမှုကွန်ရက်ကို ကိုးကားပြီး ခေါဝ်ဆွတ် khaosod.co.th ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ Tarika Patty အမည်ရှိ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်တဦးက သူ့အမျိုးသားဟာ သြဂုတ် ၁၆ ရက်မနက်က ငွေ ၂ သောင်းကျော်ပါတဲ့ ပိုက်ဆံအိတ် ဘောင်းဘီအိတ်ထဲက ကျသွားတာကို မသိလိုက်ကြောင်း၊ ဒါပေမယ့် လေလွင့်အဖိုးအိုတဦးက ကောက်ရပြီး အနောက်ကနေ လိုက်ပေးတာ မမီလို့ အနီးရှိ ဟွေ့ခွမ် ရဲစခန်းမှာသွားအပ်ခဲ့ရာက ရဲစခန်းရဲ့ ဆက်သွယ်မှုနဲ့ ပိုက်ဆံအိတ်ကို ပြန်ရခဲ့တယ်လို့ ရေးပါတယ်။ မေးမြန်းချက်အရ အဆိုပါအဖိုးကြီးဟာ အလုပ်ပြုတ်နေတာ တနှစ်ကျော်ပြီး မှတ်ပုံတင် အထောက်အထားမရှိတဲ့အတွက် ဘယ်သူမှအလုပ်မခန့်ကြောင်း၊ သူဟာ ဟွေ့ခွမ်ဘူတာရှေ့မှာ ညစဉ်အိပ်နေရတဲ့ အခြေအနေမဲ့ လေလွင့်တဦးဖြစ်ပေမယ့် စိတ်သဘောထား အလွန်မွန်မြတ် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီအဖိုးကြီးကို နေဖို့ စားဖို့ စရိတ်ငြိမ်းနဲ့ အလုပ်တခုခန့်လိုက်တယ်လို့ ရေးသားပြီး အဆိုပါ အဖိုးကြီးအတွက် အ၀တ်အစားသစ်နဲ့ အသုံးအဆောင်လိုက်လံ ၀ယ်ယူပေးခဲ့တဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။ ဒါဟာ လူမှုအသိုင်းအ၀ိုင်းအတွက် နမူနာကောင်းတခုလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024