ချဲလ်ဆီးအသင်း ပရီးမီးယားဖလားရရန် အချိန်ယူရနိုင်ဟု နည်းပြ ကွန်တီ ပြော

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားပေမယ့် အချိန်ယူရနိုင်တယ်လို့ အသင်းနည်းပြ ကွန်တီက ပြောဆိုလိုက်ပါတယ်။ အီတလီနည်းပြ ကွန်တီအနေနဲ့ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ သာရခဲ့တဲ့ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ရတာဟာ အဆင့် ၇ သာ ရခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကလို အခြေအနေနဲ့ တူညီတယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အဲဒီအချိန်က ဆုဖလားနဲ့ နှစ်အကြာကြီး ဝေးကွာခဲ့လို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ကွန်တီက ဆိုပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ကွန်တီ စတင်ကိုယ်တွယ်တဲ့နှစ်မှာပဲ စီးရီးအေချန်ပီယံဖလား ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လန်ဒန်ဒါဘီပြိုင်ဘက် ၀က်စ်ဟမ်းကို ပွဲပြီးခါနီးဂိုးနဲ့ အနိုင်ရခဲ့ပြီး ပွဲစဉ် ၂ အဖြစ် လာမယ့်စနေနေ့မှာ ၀တ်ဖို့ဒ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up