Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံ၊ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံ၊ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆို
DVB
·
August 18, 2016
တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ညနေက ပေကျင်းမြို့ Great Hall ခန်းမမှာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီကီချန်းက ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဒီနောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေတွေ့ဆုံရာမှာ တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာရောက်လည်ပတ်မှုဟာ တရုတ်-မြန်မာဆက်ဆံရေး တိုးတက်ဖို့ တွန်းအားသစ်တွေဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကတော့ တရုတ်မြန်မာဆက်ဆံရေးဟာ ပိုမိုခိုင်မာတိုးတက်နိုင်တယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။
သဘောတူစာချုပ်တွေထဲမှာ နှစ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသ ကွမ်လုံမှာ တံတားတစင်း တည်ဆောက်ဖို့နဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံ ၂ ရုံ တည်ဆောက်ဖို့ ပါဝင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - Ministry of Foreign Affairs Myanmar