ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်နှင့် မိသားစု တောင်ကိုရီးယားတွင် ခိုလှုံ

မစ္စတာသဲယွန်ဟို။ (ဓာတ်ပုံ - ရိုက်တာ)
ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်နဲ့ မိသားစုဟာ တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်း ခိုလှုံတယ်လို့ တောင်ကိုရီးယား အစိုးရက သြဂုတ် ၁၇ ရက်မှာ အတည်ပြုပါတယ်။ လက်ထောက်သံအမတ် သဲယွန်ဟို (Thae Yong Ho) နဲ့ မိသားစုဟာ မကြာခင် ပြုံယမ်းမြို့တော်ကို ပြန်ရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်တွေက လန်ဒန်မြို့၊ မြောက်ကိုရီးယားသံရုံးကနေ ပျောက်သွားခဲ့ကြတာပါ။ မြောက်ကိုရီးယားနိုင်ငံကနေ ဘက်ပြောင်းခိုလှုံသူတွေထဲမှာ လက်ထောက်သံအမတ် သဲဟာ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပြီး သူနဲ့ သူ့မိသားစုကို စောင့်ရှောက်ထားတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုပါတယ်။ လက်ထောက်သံအမတ် သဲဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အစိုးရအပေါ် မနှစ်မြို့တော့ဘဲ တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုနဲ့ သူ့မိသားစုရဲ့ အနာဂတ်အတွက် တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်းခိုလှုံလာတာ ဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရ ပြောခွင့်ရသူက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up