စည်းကမ်းမဲ့ယာဉ်များကို စစ်ဆေးအရေးယူမှုများ မန္တလေးတွင် နေ့စဉ်ပြုလုပ် (ဓာတ်ပုံ)
DVB
·
August 18, 2016
မန္တလေးမြို့မှာ နေစဉ်ပြုလုပ်နေတဲ့ စည်းကမ်းမဲ့ယာဉ်တွေကို စစ်ဆေးအရေးယူမှုတွေပြုလုပ်နေပြီး သြဂုတ် ၁၈ ရက်နေ့မှာလည်း ၈၃ လမ်း နဲ့ ၃၃ လမ်းထောင့်တို့မှာ ပြုလုပ်နေပါတယ်။
ဒီစီမံချက်ကို ချမ်းအေးသာစံမြို့နယ် တပ်ဖွဲ့စု ၉၁ က ဒုရဲအုပ် အောင်နိုင်ဦးတို့အဖွဲ့က ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နေတာ နေ့စဉ် မြို့နယ် ၇ ခုမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၇ ဖွဲ့က အင်အား ၃၀ ကျော်နဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတင် စည်းကမ်းမဲ့ယာဉ် အရေးယူမှုပေါင်း ၆ မှုရှိပြီး ခံဝန်လက်မှတ်ထိုးတဲ့ အမှုပေါင်း ၂၀ ကျော်ရှိပါပြီ။