Home
မြန်မာသတင်း
ထိုင်းအင်စတာဂရမ်တွင် ထိပ်တန်းရောက် အချောလှ မိန်းမလျာ ၁၀ ဦး (သတင်းဓာတ်ပုံ)
DVB
·
August 17, 2016
ထိုင်းနိုင်ငံသားတွေဟာ အင်စတာဂရမ်ကို တခြားနိုင်ငံသားတွေထက် အများဆုံး အသုံးပြုကြသလို ထိုင်းက မိန်းမလျာတွေကလည်း ကမ္ဘာပေါ်မှာ အချောဆုံးအဖြစ် နာမည်ကြီးပါတယ်။ လိင်ပြောင်းထားတဲ့သူတွေနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းက ပွင့်လင်းတဲ့ စိတ်သဘောထားရှိတဲ့အတွက် ဒီအခြေအနေက မိန်းမလျာတွေအတွက် အခွင့်ကောင်းတခု ဖန်တီးထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဖျော်ဖြေရေး လုပ်ငန်းတွေမှာလည်း မိန်းမလျာတွေက ဖြစ်ထွန်းအောင်မြင် နေရာရလာသလို သီချင်းဆိုတာ မော်ဒယ်လုပ်တာတွေမှာ ကာလကြာ စာချုပ်တွေ ရရှိလာပါတယ်။ လိင်ပြောင်းထားတဲ့ မိန်းမလျာတွေက တကယ့်အမျိုးသမီးတွေထက် ပိုမိုဆွဲဆောင်အားကောင်းနေပါတယ်။ ဒီလိုဆွဲဆောင်အားကောင်းတဲ့ မိန်းမလျာတွေထဲက အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ ဆွဲဆောင်မှု အရှိဆုံး မိန်းမလျာ ၁၀ ဦးကို ဘန်ကောက် ကိုးကိုးနပ်က ရွေးချယ်ပေးလိုက်ပါတယ်။ ၁၀။ @belle_nanthita 10488427_657623660996644_1508877796_n သူကတော့ ပေါ့ပ်အဆိုတော် ဖြစ်ပြီး အသက်က ၂၉  နှစ်ပါ။ ၂၀၁၁ ခုနှစ် Thailand’s Got Talentမှာ ၀င်ပြိုင်ပြီးကတည်းက နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ယောက်ျားသံရော မိန်းမသံရော အသုံးပြုပြီး သီချင်းဆိုနိုင်လို့ ကမ္ဘာတ၀န်းက အာရုံစူးစိုက်မှုကို ရရှိထားပါတယ်။ ဆိုနီနဲ့ စာချုပ်ချုပ်ဆိုထားသလို သူရဲ့ ပထမဆုံးထုတ်ဝေတဲ့ သီချင်းကလည်း အားပေးမှု တော်တော်ရခဲ့ပါတယ်။ ၉။@jele_panvilas 929178_740487802674386_1341719140_n ၂၀၁၂ ခုနှစ် Miss International Queen ပြိုင်ပွဲမှာ ပန်ဗီလာစ် ဂျယ်လီ မောင်ကိုက ဒုတိယနေရာရရှိခဲ့ပါတယ်။ မော်ဒယ်အဖြစ် အသက်မွေးနေသလို ရုပ်သံတွေမှာလည်း မကြာခဏ တွေ့နေရမှာ ဖြစ်ပါတယ်။ ရည်းစားရဲ့ ကြောင်ကို ကိုင်ပေါက်လို့ တိရစ္ဆာန်တွေကို မတော်မတရား လုပ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ၈။ @kaitong_chicky 228444_116797768401873_4620804_n ကိုင်တောင်ဂျေရာပရာပတ်ကူက Miss International Queen ပြိုင်ပွဲမှာ တတိယရရှိထားတဲ့သူ ဖြစ်ပြီး နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။ ၇။ @nek_nethnapada 1660323_479325955527124_123805142_n ၂၀၁၃ ခုနှစ် Miss Tiffany Universe ပြိုင်ပွဲမှာ နတ်နပဒါကလျာနော့က ပထမရရှိခဲ့ပါတယ်။ အခုတော့ Miss Internation Queen ပြိုင်ပွဲအတွက် ခရီးထွက်နေပါတယ်။ ၆။ @sammy_sirapatsorn 914742_512233652242241_352700626_n ၂၀၁၁ ခုနှစ် Miss Tiffany’s Universe နဲ့ Miss International Queenမှာ သရဖူ ရထားခဲ့တဲ့ ဆီရီပတ်ဆွန် အက်သာရာကွန်ကတော့ နံပါတ် ၆ နေရာမှာ ရှိနေပါတယ်။ တက္ကသိုလ် ကျောင်းတက်နေသူတဦးလည်း ဖြစ်ပါတယ်။ ၅။ @nongfilmtiffany: 7d1bf82eb09b11e3976b126630033576_8 ၂၀၀၇ ခုနှစ် ပြည်တွင်းနဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ တရာရပ် ဂျရတ်ပတ်ပါကွန်က ဆုတွေ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ပီစီအဲမှာ လေယာဉ်မယ်အဖြစ် ဆောင်ရွက်နေပါတယ်။ ဒီလေကြောင်းလိုင်းဟာ လိင်ပြောင်းထားသူတွေကို လေယာဉ်အမှုထမ်းအဖြစ် ပထမဆုံး ငှားရမ်းတာ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် လေကြောင်းလိုင်း ပိတ်သိမ်းခဲ့ပြီး သူက မော်ဒယ်နဲ့ အလှပြင်ပစ္စည်းတွေ အတွက် တင်ဆက်သူ ဖြစ်လာပါတယ်။ ၄။ @amy_ratchada: 32399_379603332129358_1132759936_n အလှမယ်ပြိုင်ပွဲတွေမှာတော့ ဆုရခဲ့ခြင်း မရှိပေမယ့် မင်းသားတော်တော်များများနဲ့တော့ သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ ရချဒါ ကုထရာမက်က ချာနယ် ၇ က မင်းသမီးတဦးရဲ့ရည်းစားကို ခိုးယူတယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။ ၃။@lookpad_purimprud 10584714_1539811226247422_1825936799_n ရုပ်သံစီးရီးအတော်များများနဲ့ သီချင်းသရုပ်ဖော် ဗွီဒီယိုတွေမှာ ပူရင်ပရပ်ချိုင်ရပ်ခန်က ပါဝင်ခဲ့ဖူးပါတယ်။ အသက်ကတော့ ၂၈ နှစ်ရှိနေပါပြီ။ လက်ရှိမှာတော့ အစီအစဉ်တခုမှာ သရုပ်ဆောင်အဖြစ် လုပ်ဆောင်နေပါတယ်။ ၂။ @nongploy1910 1171071_547113655406431_1402129127_n ပစ်ချာနန်ပလိုင် ဆရီဆာဝါဆပါကွန်ကတော့ ချာနယ် ၃ က မော်ဒယ်နဲ့မင်းသား ဖာဆုအပ် ဘန်ရေးနဲ့ လိင်ဆက်ဆံခဲ့တယ်လို့ သတင်းကြီးခဲ့သူဖြစ်ပါတယ်။ ဒီသတင်းကြောင့် မင်းသား ဖာဆုက ရည်းစားနဲ့ ကွဲသွားခဲ့ပါတယ်။ ၁။ @poydtreechada 10540230_1543561615871796_403825116_n ၂၀၀၄ ခုနှစ် Miss Tiffany’s Universe နဲ့ Miss International Queenမှာ ပထမရရှိတဲ့ ထရီချာဒါ ပက်ချာရပ်ကတော့ အချောအလှဆုံးစာရင်းမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024