နေရာဦးပြီး အငှားပြန်ချသည့် လမ်းဘေးဈေးသည်များကို အရေးယူတော့မည်
အာကာ
·
August 15, 2016
နေရာဦးပြီး အငှားပြန်ချတဲ့ လမ်းဘေးဈေးသည်တွေနဲ့ ဆိုင်ကြီးတွေအနေနဲ့ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေကို အရေးယူတာတွေ လုပ်တော့မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ရန်ကုန်မြို့တွင်းက လမ်းဘေးဈေးသည်တွေထဲမှာ နေရာဦးပြီး အငှားပြန်ချသူတွေနဲ့ ဆိုင်ကြီးတွေအနေနဲ့ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေ များပြားနေတဲ့အတွက် အခုလိုအရေးယူဖို့ စီစဉ်တာပါ။
ဒါပေမယ့်ခေါင်းရွက်ဗျက်ထိုး အနေနဲ့ရောင်းချတဲ့ ဈေးသည်လေးတွေအတွက်ကိုတော့ သီးခြားနေရာစီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။
ဒါ့အပြင် ဆိုင်ကြီးတွေနဲ့ရောင်းတဲ့သူတွေကိုအရေးမယူဘဲ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကို အရေးယူတဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း အရေးယူသွားမယ်လို့ ပြောပါတယ်။
ဒါပေမယ့် လမ်းဘေးဈေးသည်အားလုံးကို ဖယ်ရှားအရေးယူတာထက် သီးခြားနေရာစီစဉ်ပေးရင် ပိုမိုသင့်တော်မယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပါတယ်။
ဒီလိုအရေးယူဆောင်ရွက်တာတွေကို သြဂုတ်လ ၁၄ ရက်နေ့ကစပြီး ဆောင်ရွက်နေပြီလို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။