Home
သတင်းဓာတ်ပုံ
အာဆီယံနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည် နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံ
ကျော်ဇေဝင်း
·
August 15, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၄၉ ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာအာဆီယံသံအမတ်ကြီးများကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ နေ့လယ်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်ဆိုင်ရာဝန်ကြီးဌာနများက အမြဲတမ်းအတွင်းဝန်တွေ တက်ရောက်ကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024