ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့မှ ပြန်ပေးဆွဲခဲ့သည့် ကျောင်းသူများ၏ ဗွီဒီယို ထုတ်ပြန်

နိုင်ဂျီးရီးယားနိုင်ငံက ဘိုကိုဟာရမ် အကြမ်းဖက်တပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သူတို့ ပြန်ပေးဆွဲသွားတဲ့ အထက်တန်း ကျောင်းသူတွေရဲ့ဗွီဒီယိုကို သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ ကျောင်းသူအယောက် ၅၀ လောက် တွေ့ရပြီး ဖမ်းဆီးခံထားရတဲ့ ဘိုကိုဘာရမ် အကြမ်းဖက်တွေနဲ့ ကျောင်းသူတွေ လဲလှယ်ဖို့ တောင်းဆိုထားပါတယ်။ အစိုးရလေကြောင်းထိုးစစ်တွေအတွင်း ကျောင်းသူတချို့ သေဆုံးတယ်လို့လည်း ဗွီဒီယိုထဲမှာ လက်နက်ကိုင်တဦးက ပြောပါတယ်။ နိုင်ဂျီးရီးယားအစိုးရကတော့ သူတို့ အကြမ်းဖက်တပ်ဖွဲ့နဲ့ ဆက်သွယ်နေတယ်လို့ ပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလက ချီဘွခ် (Chibok) မြို့ အထက်တန်းကျောင်းသူ ၂၇၆ ဦးကို ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ ပြန်ပေးဆွဲသွားခဲ့တာမှာ အယောက် ၂၀၀ လောက် ဆက်လက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ အဲ့ဒီထဲက အယောက် ၄၀ လောက်ဟာ အိမ်ထောင်ကျနေကြပြီဖြစ်ပြီး ဖမ်းဆီးထားတဲ့ အကြမ်းဖက်တွေကို ပြန်မလွှတ်ရင် ဒီမိန်းကလေးတွေလည်း ဘယ်တော့မှ ပြန်ခွင့်ရမှာ မဟုတ်ဘူးလို့ မျက်နှာဖုံးစွပ် သေနတ်သမားက ပြောပါတယ်။ ကျောင်းသူတဦးက နိုင်ဂျီးရီးယား အစိုးရကို အကူအညီတောင်းခံပေးဖို့ မိဘတွေကို တောင်းဆိုထားပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူအများအပြားဟာ ခရစ်ယာန်ဘာသာဝင်တွေလည်း ဖြစ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up