Home
မြန်မာသတင်း
မိုင်းများ ရှင်းလင်းပေးရန် မိုင်းကြောင့်ထိခိုက်ဒဏ်သူများ ဆန္ဒထုတ်ဖော်
DVB
·
August 15, 2016
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ၂၀၁၂ ကနေစပြီး  ၂၀၁၆ အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများနဲ့ သေဆုံးသူများအတွက် လူ့အခွင့်အရေးရဖို့နဲ့ လက်နက်မဲ့ ပြည်သူတွေကိုကာကွယ်ပေးဖို့ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ မိုင်းဒဏ်ကြောင့် သေဆုံးသွားသူ၊ မိုင်းကြောင့်ထိခိုက်သူ၊  ထိခိုက်နစ်နာမှုတွေ ရှိနေတာကြောင့် ဆားမှော်ကျေးရွာ ပြည်လုံချမ်းသာ စေတီကနေ ဆားမှော် ရွာလမ်းတွေကို လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့တာပါ။ ဆားမှော်ကျေးရွာမှာနေထိုင်တဲ့ပြည်သူ တွေဟာ ၂၀၁၂ ကနေစပြီး ၂၀၁၆ အတွင်းမိုင်ကြောင့် ဒဏ်ရာရရှိသူနဲ့သေဆုံးသူ ၂၀ လောက်ရှိပြိလို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးမြင့်ဆွေက ပြောပါတယ်။ “ကျတော်တို့ပြည်သူ လူထုကို မိုင်းအသိဥာဏ်ပေါ့နော် အသိပညာပေး လုပ်ငန်းတွေ နာမည်တွေ တော့ ကြားနေတာပေါ့နော် အဖွဲ့အစည်းတွေ အခုလဲအဖွဲ့အစည်း တခုက လာမယ်လို့ ပြောတော့ပြောနေပါတယ်။ ဒါပေမယ့် ဒီအချိန်ထိတစ်ဖွဲ့မှ မရောက်သေးဘူးဒါကြောင့် မီဒီယာတွေကနေပြီး ဆက်သွယ်ဆောင်ရွက်ပေးကြပါအုံးလို့ ပြောချင်ပါတယ်။” မိုင်းဒဏ်ကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကတော့ အစိုးရအနေနဲ့ လက်နက်မဲ့ပြည်သူတွေ ကိုကာကွယ်ပေးဖို့နဲ့ မိုင်းထောင်တဲ့အဖွဲ့အစည်းတွေကို မိုင်းရှင်းပေးဖို့တောင်းဆိုခဲ့တာပါ။ မိုင်းထိခဲ့တဲ့ ဆားမော်ဒေသခံတဦးက “အင်းဆိုတာဆားမှော်ရွာသားတွေရဲ့ထမင်း အိုပါဘဲငါး မိုင်လောက်ရှည်တဲ့အင်းကြီးမှာ ဆားမှော်သားတွေဟာငါးရှာစားနေတယ်ဒါကြောင့် KIO KIA အနေနဲ့ဘာကြောင့် အရပ်သားတွေကို တမင်တကာလုပ်ကြံပြီး မိုင်းထောင်ရသလဲဆို တာပြောချင်ပါတယ်။” ဆားမှော်ရွာမှာမိုင်းတွေကို ဆက်လက်မထောင်ဖို့နဲ့ တောတောင်တွေမှာ လုပ်ကိုင်စားသောက် ရတာခက်ခဲမှုတွေရှိလို့ ဆားမှော်ဒေသခံ၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းက ပြည်သူတချို့က အခုလို ဆန္ဒထုတ်ဖော်ခဲ့တာပါ။ သတင်း - သင်းသင်းနွယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024