A d v e r t i s e m e n t With Us

တောင်ငူမြို့တွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

တောင်ငူမြို့ အမှတ် ၃ နယ်မြေရဲစခန်းအပိုင် လေးမိုင်စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲအချိန်လောက် ပါဂျဲရိုးအဖြူရောင်ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေ ဖမ်းဆီးမိခဲ့ပါတယ်။ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့က သတင်းအရ လိပ်သိုဘက်ကနေ တောင်ငူဘက် မောင်းနှင်လာတဲ့ ပါဂျဲရိုးအဖြူရောင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာက အခုလို ဖမ်းဆီးရမိတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကားပေါ်မှာ အပြာရောင်ပလတ်စတစ် အိတ် ၁၀ အိတ်နဲ့ ထည့်ထားတဲ့  WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော် နဲ့အတူ လေသေနတ် ၁ လက်၊ ခဲသီး  အလုံး ၅၀၊ ဓား ၂ ချောင်းနဲ့ ငွေစက္ကူ ၂ သောင်းကို ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။ ယာဉ်ပေါ်မှာ စုစုပေါင်း လူ ၄ ဦးလိုက်ပါလာပြီး တောင်ငူမြို့နေသူ ယာဉ်မောင်းဖြစ်သူ ဇော်လွင်ဦး (၂၁) နှစ်နဲ့ ဖားထူး (၅၀) နှစ်တို့ အခင်းဖြစ်နေရာကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး    သူတို့ ၄ ဦးကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ တောင်ငူမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတာယ်။ သတင်းဓါတ်ပုံ သားကြီး(တောင်ငူ)  

A d v e r t i s e m e n t With Us

More News
Up