ထိုင်းဗုံးခွဲတိုက်ခိုက်မှု သံသယရှိသူတဦးကို ဖမ်းဝရမ်းထုတ်

699
ပြီးခဲ့တဲ့တပတ်က လူ ၄ ဦး သေဆုံးခဲ့တဲ့ ထိုင်းတောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု၊ မီးရှို့မှုတွေဟာ တခုနဲ့တခု ဆက်စပ်နေပြီး တိုက်ခိုက်မှုနဲ့ သံသယရှိသူတဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းဒုရဲချုပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့တွေက နိုင်ငံတောင်ပိုင်း ကမ္ဘာ့ခရီးသွားတွေအသွားများတဲ့ မြို့တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
ထိုင်းရဲချုပ်က သြဂုတ် ၁၂ ရက်နေ့က ပြောဆိုတာမှာတော့ ထိုင်းတောင်ပိုင်းခွဲထွက်ရေးတွေ သုံးလေ့ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေလို့ ပြောဆိုပါတယ်။
တိုက်ခိုက်မှုတွေအတွက် သံသယရှိသူတဦးကို ဒေသခံတိုင်းရဲတပ်ဖွဲ့က ဆုငွေထုတ်ထားတယ်လို့လည်း ထိုင်းဒုရဲချုပ်ကပြောဆိုပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုတွေဟာ တချိန်တည်းမှာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တစုံတယောက်ရဲ့ညွန်ကြားချက်နဲ့ လုပ်ဆောင်တာလို့ ထိုင်းဒုရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
အခု ၀မ်းဝရမ်းထုတ်ထားတဲ့သူတဦးကတော့ သြဂုတ် ၁၁ ရက်နေ့က နာခွမ် စီ တမ်မရက် Nakhon Si Thammarat ပြည်နယ်မှာ ကုန်တိုက်တခုကို မီးရှို့တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်တယ်လို့လည်း ပြောဆိုပါတယ်။