မလေးရှားတွင် အစွယ်ပြောင်းပြန်ပေါက်နေသည့် ဆင်တွေ့ရှိ (ရုပ်သံ)

1.3K
မလေးရှားနိုင်ငံက ဆီအုန်းစိုက်ပျိုးရေးခြံတခြံမှာ ပြီးခဲ့တဲ့တပတ်က ဆင်စွယ်ပြောင်းပြန်ပေါက်နေတဲ့ ဆင်တကောင်ကို ဒေသခံတောရိုင်းတိရစ္ဆာန် သုတသနအဖွဲ့တဖွဲ့က တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်။
အခုလို ဆင်စွယ်နောက်ပြန်ပေါက်တဲ့ ဆင်မျိုးဟာ အတော်ကို ရှားပါးပေမယ့် မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း တကောင် တွေ့ရှိခဲ့ပြီး ဘာကြောင့် ဒီဆင်တွေမှာ ဆင်စွယ်နောက်ပြန်ပေါက်တယ်ဆိုတာ မသိရသေးပါဘူး။
အခုလိုဆင်စွယ် နောက်ပြန်ပေါက်တဲ့ဆင်တွေဟာ တခြားဆင်တွေကို ရန်ဆိုင်တွန်းလှန်တဲ့အခါမှာ အတော်ကို ခက်ခဲမယ်လို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။
ဒါကြောင့် အဲ့ဆင်တွေအတွက် သင့်တော်တဲ့နေရာတွေ့ရင် ပြောင်းရွှေ့ထားဖို့လည်း စီစဉ်နေပြီး နောက်ယောင်ခံကိရိယာတပ်ဆင်ပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဌာနကပြောဆိုပါတယ်။