နောက်ခံလူများ ဒဏ်ရာရပေမယ့် လီဗာပူးနှင့်ပွဲအတွက် စိုးရိမ်စရာမရှိဟု အာစင်ဝင်းဂါးပြော

576
နောက်ခံလူတွေ ဒဏ်ရာရနေပေမယ့် လီဗာပူးနဲ့ပွဲအတွက် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီကနေ့ညပိုင်းမှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် မာဆီဆက်ကာနဲ့ ဂါဘရီယယ်တို့က ဒဏ်ရာရနေသလို ကိုစီယယ်နီမှာလည်း ကြံ့ခိုင်မှုအခြေအနေကြောင့် ပွဲထွက်ကစားနိုင်ဖို့ မသေချာ ဖြစ်နေတာပါ။
ဒီလို အဓိက နောက်ခံလူတွေ ဒဏ်ရာပြသနာရှိပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်တန်း ကစားသမာတွေ ရှိတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ နည်းပြအာစင်ဝင်းဂါးက ပြောဆိုလိုက်တာပါ။
လီဗာပူးနဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ဂျရူးတို့ လည်း လေ့ကျင့်ခန်းအပြည့် မဆင်းနိုင်သေးလို့ ပါဝင်ကစားနိုင်မှာမ ဟုတ်ပါဘူးလို့ သိရပါတယ်။