ခင်ပွန်းနှင့်ဖောက်ပြန်သူကို လမ်းမပေါ် ထိုးနှက်ခဲ့သည့်ရုပ်သံ လူမှုကွန်ရက်တွင် ဝေဖန် (ရုပ်သံ)

7.2K
ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးတဦးကို သင်ခန်းစာပေးဖို့ ဇနီးဖြစ်သူနဲ့ တခြား အမျိုးသမီး ၂ ဦးက လမ်းမပေါ် ဆံပင်ဆွဲ၊ ထိုးနှက်ကန်ကျောက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။
အဆိုပါအမျိုးသမီးဟာ တဦးတည်းအပြင်ထွက်လာချိန်မှာ ဇနီးဖြစ်သူအမျိုးသမီးနဲ့ တ ခြားအမျိုးသမီး ၂ ဦးတို့က ရင်ပြင်တခုအနီး လူမြင်ကွင်းမှာ ခုလိုလုပ်ခဲ့ကြတာလို့ မေရာသတင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
ဒေါသထွက်နေတဲ့ ဇနီးမယားဖြစ်သူအမျိုးသမီးဟာ အဆိုပါအမျိုးသမီးကို ဆံပင် ဆောင့်ဆွဲပြီး ထိုးနှက်ကန်ကျောက်ပြီး ရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီအမျိုးသမီးရဲ့ အပေါ်ပိုင်းအ၀တ်အစားတွေကို ဆွဲကာ ထိုးကြိတ်နေခဲ့ချိန်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဆင်တူတက်တူးတခုကို တွေ့လိုက်ရချိန်မှာ ပိုပြီးဒေါသထွက်လာ ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ရိုက်နှက်ခံရသူ အမျိုးသမီးဟာ မြေပြင်ပေါ်မှာ ထိုင်ချခဲ့ပြီး သူ့ရဲ့ မျက်နှာကို ဖုံး ကွယ်ဝှက်ထားဖို့ ကြိုးစားခဲ့ချိန်မှာ တခြားအမျိုးသမီးတဦးက သူ့ရဲ့ ခေါင်းကို ထိုးနှက် ကန်ကျောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
အဆိုပါရန်ပွဲဟာ အချိန် ၃ မိနစ်လောက်ကြာခဲ့ချိန်မှာတော့ လမ်းသွားလမ်းလာ တွေက ဖျန်ဖြေမှုနဲ့အတူ အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖျန်ဖြေပေးသူ လမ်းသွားလမ်းလာတွေက ဒီပြဿနာကို ခုလိုအခြေအနေမျိုးနဲ့ မဖြေရှင်းသင့်ဘူးလို့ ပြောခဲ့ချိန်မှာ သူတို့က ဒါဟာ သင်ခန်းစာပေးတာလို့ ပြောခဲ့ကြတာပါ။
ဒါဟာ တရုတ်နိုင်ငံရဲ့ တနေရာရာမှာဖြစ်မယ်လို့ ဖော်ပြထားပြီး ဘယ်မြို့မှာ ဖြစ် ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျဖော်ပြမထားဘူးလို့ သတင်းက ဆိုပါတယ်။