A d v e r t i s e m e n t With Us

တိရစ္ဆာန်များက လူကို ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများ (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ မဟာရက်ခ်ျထရာကျေးရွာမှာ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကတော့ ကျားသစ်တကောင်က လူတွေကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေရာဟာ ကျားထိန်းသိမ်းရေးနယ်မြေတခုနဲ့နီးပြီး အဆိုပါကျားသစ်ဟာ အိမ် တလုံးတွင်းမှာ ပိတ်မိနေခဲ့ချိန်မှာ လွတ်မြောက်ဖို့ ကြိုးစားရင်း ခေါင်မိုးပေါ် ဖောက်ထွက် ကာ လမ်းကြောင်းတလျှောက်လူတွေကို တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို တောတွင်းကို ဘေးကင်းလုံခြုံစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တုန်းကတော့ ဘာလင်တိရစ္ဆာန်ဥယျာဉ်တခုထဲ မှာ အမျိုးသမီးတဦးဟာ ပိုလာဝက်ဝံတွေကို အစာကျွေးချိန်မှာ အဲဒီဧရိယာတွင်းကို ခြံ စည်းရိုးပေါ်မှ ခုန်ကျော်ဝင်ရောက်ခဲ့လို့ တိုက်ခိုက်ခံခဲ့ရတာပါ။ ရေထဲက အမျိုးသမီးကို ဆာလောင်နေကြတဲ့ ပိုလာဝက်ဝံတွေက တိုက်ခိုက် ကြချိန်မှာ အပေါ်ကို ပြန်တက်နိုင်ဖို့ ၀န်ထမ်းတွေက ကယ်တင်ခဲ့ကြရတာကို တွေ့ရပါ တယ်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း တခြားနေရာတခုမှာ ခုလိုပဲ တိရစ္ဆာန်ဥယျာဉ်ထဲက ကျားလှောင်အိမ်ခြံစည်းရိုးကို လူငယ်အမျိုးသားတဦးဟာ ခုန်ကျော်ဝင်ရောက်ခဲ့လို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အဆိုပါလူငယ်ဟာ အရက်အလွန်အကျွံသောက်ထားခဲ့ပြီး ခုလိုလုပ်ခဲ့တာလို့ ဆို ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း ထိုင်ဝမ်မှ တိရစ္ဆာန်ဥယျာဉ်တခု တွင်း ခြင်္သေ့လှောင်အိမ်ထဲကို အမျိုးသားတဦးဝင်ရောက်ခဲ့လို့ တိုက်ခိုက်ခံခဲ့ရပါတယ်။ animal attackအဲဒီအမျိုးသားကတော့ စိတ်အခြေအနေ မူမမှန်သူတဦးဖြစ်တဲ့အတွက် ခုလိုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရုပ်သံဗွီဒီယိုဖိုင်လင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up