A d v e r t i s e m e n t With Us

နိုင်ငံအသင်းအတွက် ပြန်ကစားမည့် မက်ဆီကို ဘာဆီလိုနာနည်းပြ ကြိုဆို

တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမယ့် ဆုံးဖြတ်ချက်ကို ဘာစီလိုနာ နည်းပြက ကြိုဆိုလိုက်ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာ လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာပါ။ ဒါပေမယ့် အာဂျင်တီးနား ဘောလုံးပရိသတ်တွေနဲ့ လက်ရှိ နည်းပြတို့က မက်ဆီကို ပြန်ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ မက်ဆီ ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမှာ ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်နေ့က တရားဝင် အသိပေးစာ ထုတ်ပြန်ထားပါတယ်။ မက်ဆီရဲ့ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမယ့် ဆုံးဖြတ်ချက်အပေါ် အာဂျင်တီးနား ပြည်သူတွေကလည်း ကြိုဆိုခဲ့ပါတယ်။ နည်းပြ ဟင်နရီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းနဲ့ စပိန်စူပါဖလား ပြိုင်ပွဲ ပထမကျော့ပွဲစဉ်ကို  ဒီကနေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up