A d v e r t i s e m e n t With Us

ဖီဒယ်ကတ်စထရို မွေးနေ့ ကမ္ဘာ့အရှည်ဆုံး ဆေးပြင်းလိပ်ကြီးဖြင့် ဂုဏ်ပြု (ရုပ်သံ)

သြဂုတ် ၁၃ ရက်နေ့က ကျရောက်တဲ့ ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ်ကတ်စထရိုရဲ့အသက် ၉၀ ပြည့်မွေးနေ့ကို ၀ါရင့်ဆေးပြင်းလိပ်ဆရာတဦးက ကမ္ဘာ့အရှည်ဆုံးဆေးပြင်းလိပ်ကိုလိပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ခေါင်းဆောင် ဖီဒယ် ကတ်စထရို အသက် ၉၀ ပြည့်မွေးနေ့အတွက် အရှည်မီတာ ၉၀ ရှိတဲ့ဆေးပြင်းလိပ်ကို လိပ်ခဲ့တာပါ။ ဆေးပြင်းလိပ်ဆရာ ဟိုဆေး ကတ်စ်တလာနဲ့ သူ့ကို ကူညီသူတွေ ဆယ်ရက်ကြာလိပ်ခဲ့ရတာပါ။ တရက်ကို ၁၂ နာရီကြာလိပ်ခဲ့ကြရပြီး အရွယ်ကတော့ ပုံမှန်ဆေးပြင်းလိပ်အရွယ်ပဲဖြစ်ပါတယ်။ ဒီဆေးပြင်လိပ်ဆရာဟာ ၂၀၁၁ ခုနှစ်ကလည်း အရှည် မီတာ ၈၂ မီတာနီးပါးဆေးပြင်းလိပ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ဖူးပါတယ်။ အခုတော့ အရှည်မီတာ ၉၀ နဲ့ သူ့ရဲ့ အရင်စံချိန်ကို ချိုးခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာလည်း ကမ္ဘာ့အရှည်ဆုံး ဆေးပြင်းလိပ်အဖြစ် မှတ်တမ်းဝင်သွားပါ တယ်။

A d v e r t i s e m e n t With Us

More News
Up